မြို့ကလေးရဲ့ ကျက်သရေ

မြို့ကလေး၏ ကမ်းနဖူးဘေးမှာ လှမ်းမျှော်ကြည့်လိုတ်သောအခါ ညနေဆည်းဆာ၏ ရွှေရောင်ငွေရောင်များကမြို့ကလေးကိုရွှေချည်ထိုး မြို့ကလေးအဖြစ် ပြောင်းလဲပစ်လိုတ်လေသည်။….

ရွှေချည်ထိုးမြို့ကလေး…။ တစ်ဖက်ကမ်းတွင်ဆန်စက်ခေါင်းတိုင်များမှမီးခိုးငွေ့တလူလူ။အိပ်တန်းပြန်ငှက်အုပ်များ၊ဆည်းဆာရွှေရောင်များဖြန်းပတ်ထားသောတိမ် ဆိုင်ပြာပြာများ၏အနားကွပ်မျဉ်းများမှာပင်ရွှေရောင် တလက်လက်တောက်ပနေတောသည်။

ချစ်လှစွာသောမြို့ကလေး .. .. ..

ကျွန်တော်သည် တစ်ခါက ထိုချစ်လှစွာသောမြို့ကလေးနှင့် နှစ်အတန်ကြာခွဲခွာခဲ့ရဖူးသည်။…. မြို့ကလေးကိုလွမ်းသောစိတ်ဖြင့်ညနေခင်းများစွာကိုဖြတ်သန်းခဲ့ရသည်။ ဘဝမှန်ကူကွက်များ တဖြတ်ဖြတ် ပြောင်းလဲသွားခဲ့ပုံမှာ ဆန်းကျယ်လှပေသည်…. ငယ်စဉ်ကတည်းက စာပေအနုပညာရှင်တစ်ယောက်ဖြစ် လိုသောကျွန်တော်မှာ ယခုတော့… အရောင်းအဝယ်သမားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပြီ။ လောကဓံတရား၏အထုအထောင်း မျိုးစုံကြားထဲတွင်လှော်ခတ်ရင်း…ဘဝမှာရင့်ကျတ်လာသလား၊ထုံထိုင်းသွားသလား။ ဝေခွဲ၍ပင်မရနိုင်တော့။

စီးပွားရေးလုပ်ငန်းများ၏ သဘာဝအတိုင်းစိတ်ဖိစီးမှုများ ပိကျလေးလံနေလျက်ကပင် တစ်ခါတစ်ရံ၌မိမိ၏ နက်ရှိုင်းသောစိတ်ခံစားမှုများကို စကားလုံးများ အဖြစ်ပြောင်းလဲဖွဲ့သီမိကာ ဒိုင်ယာရီစာအုပ်များ၌ ရေးခြစ်ထားမိလေသည်။…. ထိုလှပနူးညံ့သော စာသားများသည် မည်သည်အခါတွင်ပုံနှိပ်စာလုံများ ဖြစ်လာမည်ကို မသိနိုင်သောလည်း မိမိခံစားမှုကို ဖွင့်ချလိုတ်ရသဖြင့် စိတ်မှာပေါ့သွားသည်။ ဘဝ၏နောက်ဆုံ နေ့ရက်များ၌ ထိုနက်ရှိုင်းစွာ ဖန်းဆင်းခဲ့သောအနုပညာများသည် လူမသိ သူမသိ ပျောက်ဆုံးသွားတော့မည်။ ထိုအတွေးများ ကိုတွေးမိသောအခါ စိတ်အတွင်း၌ ထိခိုက်သွားလေသည်။

ထိုသို့ စိတ်ထိခိုက်နေလျက်ကပင်.. စာသားအပိုင်းအစ အဖွဲ့အနွဲ့ များကိုပြန်ဖတ်နေမိသည်။ ငယ်စဉ်ဘဝ နေ့ရက်မျာက စိတ်နှလုံးဖန်သားပြင် တွင်ထင်မြင်လာပြန်ပြီ။… နှင်းများ၊နှင်းများ။ ဆောင်းရာသီမနက်ခင်းကျောင်းတက်ချိန်တွင် နှင်းများသိပ်သည်း ထူထပ်စွာ ဖွဲ့ဆိုင်းနေပုံ။ရှေ့တစ်လံလောက် ကိုပင် မမြင်နိုင်လောက်အောင်သိပ်သည်းသည့် နှင်းများ…. ။

ကျွန်တော်သည်ထိုနှင်းများ ဆိုင်းတွဲနေသည်ကြားမှ… အထက်တန်းကျောင်းတော်ကြီး၏တည်ကြည်ခံငြားလှစွာ ၊ ရပ်တည်နေပုံကိုပြန် လည်မြင်ယောင်မိသည်.. သက်တမ်းရှည်ခေါင်းလောင်းထိုးသမားဖြစ်သော ကိုအုံးမောင်ကိုသတိရ မိလာပြန်သည်။၁၉၆၉/၇၀ နှစ်များ။

နောက်ထပ်သတိရမိသူတစ်ဦးက ဆရာဦးအေးမောင်၊ငါးတန်းနှစ်၊ ဆရာက အင်္ဂလိပ်စာသင်သည်။….မျက်လုံးကအမြဲ နီရဲနေသည်။…. ထိုအချိန်က ပြဌာန်းစာအုပ်မှာ ရီဒါး(၁) (၂) တို့ဖြစ်မည်ထင်သည်။ထူးခြားချက်မှာဆရာ၏စာသင်ကြာမှုအပေါ်ဝီရိယကောင်းခြင်းပင်။

စာသင်ခန်းထဲရောက်သည်နှင့် စားပွဲခုံပေါ်တက်ထိုင်ကာ စာအကြောင်း ၊ဖတ်ဘာသာပြန်ပြ။ မသိသောမီးနင်းများပြောပြ။ဝါကျဖွဲ့ပုံများ ရှင်းလင်းသင်ပြ။ သူစာသင်ချိန် ငါးချိန်ရှိလျှင် ငါးချိန်စလုံးထိုမူအတိုင်းသင်သည်။

နောက်ထူးခြားချက်က…အင်္ဂလိပ်စာဖတ်ပြရသည်။အင်္ဂလိပ်စာကိုသူဖတ်ခိုင်းသမျှပီပီသသဖတ်ပြရ၏။တစ်ယောက်ကို လေးငါးကြောင်း လောက်မျှဖြစ်သောလည်း ခေါင်းခေါက်ခံရမည် ကိုကြောက်၍အိမ်မှာ အမြဲလေ့ကျင့်ထားရ၏။ အင်္ဂလိပ်စာဖတ်ကျင့်ရသွားသဖြင့် နောင်အခါ အင်္ဂလိပ်စာဖတ်ရမှာမကြောက်တော့ပဲ ကြုံရာစာများဖတ်ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ ဆရာ၏ … အာကြိုးမာန်တက်၊စိတ်အားထက်သန်စွာ စာသင်ပြနေပုံကို ယခုပင်သတိရ လွမ်းမိပါသေးသည်။

ဆံပင်ကတုံးဆံတောက်၊ အသားညိုလဲ့၊ မျက်နှာကယောက်ျားပီပီသသ၊ အရပ်မနိမ့်မမြင့်၊ မျက်ထောင့်နီ၊ စာသင်ကောင်း။… ဆရာအခုရှိလျှင်.. အသက်(၈၀)လောက်ရှိပေလိမ့်မည်။ကျောင်းစာသင်ရာတွင်နောက်ထပ် သတိရစရာ ဆရာတစ်ဦးကား၊ မြန်မာစာ ဦးသောင်းဟန်၊ အာဘောင်အာရင်းသန်သန်၊အာဝဇ္ဇန်းကောင်းကောင်း၊ ဟာသစကားလုံးများဖြင့် တတန်းလုံးတဝုန်းဝန်း ပွဲကျအောင်သင်နိုင်သူ၊ လူကလည်း လူငယ်၊ တက်ကြွသော အရွယ်။ ဆရာနှင့်တွဲ၍ မှတ်မိနေသော သူငယ်ချင်းမှာကြည်အေး။ဆရာစကားကို ထောက်ကွက်၊ ပင့်ကွက်များဖြင့် ချက်ကျကျ ဟာသဖောက်တတ်သူ ကြည်အေးမှာစာသမားဖြစ်၍ ထင်သည် ဆရာနှင့်အတွဲဆုံး။

နောက်ထပ် အင်္ဂလိပ်စာဆရာမ ဆရာမဒေါ်ပို့ဖြစ်၏။ ထိုစဉ်က ဆရာမမှာ ငယ်ငယ်ရွယ်ရွယ် ထက်ထက်မြက်မြက်၊ အင်္ဂလိပ်စာ အသံထွက်ကောင်း သည်။ ဗိုက်ခေါက်လိမ်ဆွဲတက်သဖြင့်….. ဆရာမကိုဝေးဝေးမှ ရှောင်ရသည်။ အကျီ င်္အပြင်ထုတ်ဝတ်လျှင်မကြိုက်။ ထိုစဉ်ကဘာရယ်မဟုတ် ပါဆယ်ကျော်သက်စိတ္တဗေဒအရအရာရာကိုဆန့်ကျင်သဖြင့်မလုပ်နှင့်ဆိုသမျှအားလုံးလုပ်ကြည်သည်။ဆရာမမှာနောက်ဆုံး အထက်တန်း ကျောင်းအုပ်ဘဝနှင့် ပင်စင်ယူလိုတ်သည်ဟုကြားရသည်။

အလယ်တန်းကျောင်းသားဘဝတွင်…ကျွန်တော်နှင့်စာပြိုင်ဖက်မှာ ဝါဝါဆိုသောကျောင်းသူဖြစ်၏။စာပြိုင်ဖက် ဆို၍ အထင်မကြီးစေလိုပါ။ ကျွန်တော်တို့၏… အတန်းပိုင်ဆရာ-ဆရာဦးမြင့်ရွှေ(အင်္ဂလိပ်စာ)က အင်္ဂလိပ်ပြဌာန်းစာအုပ်ကို မိန်းကလေး နှင့် ယောက်ျားလေး(၂)ခြမ်းပြိုင်ခိုင်းလျှင် ဝါဝါနှင့် ကျွန်တော်တို့က အကြိမ်အများဆုံး ပြိုင်ရ၏။ … (ကျန်ကာလများတွင် အမြဲသာမာန်အဆင့်သာရသော ကျွန်တော်မှာ ထိုအင်္ဂလိပ်စာ ဖတ်ပြိုင်ပွဲတစ်ခုသာ ကောင်းကွက်ရှိသည်ဟု ထင်မိ၏။ ဝါဝါကား… ယခုလူဘဝတွင် ရှိနေသေးသလား ..ကွယ်လွန်လေပြီလားမသိ.. )

၇တန်း ကျောင်းသားဘဝတွင် ကျွန်တော်အညံ့ဆုံးမှာ သချာင်္ဖြစ်၏။ သချာင်္ဆို ကြောက်၍ပင်နေတော့သည်။ထို့သိုကြောက်ရသော သချာင်္ကို အထိုက်အလျှောက်ကောင်းအောင် သင်ပေးသူမှာ ဆရာကြီးဦးသန်းရွှေဖြစ်သည်။ဆရာကြီးဦးသန်းရွှေက ထောင်ထောင် မောင်းမောင်း၊ စကားကိုတစ်လုံးချင်းလေးလေးပင်ပင် ပြောတတ်သည်။သူကသခ်ာၤ(၂)ဆရာ၊ သခ်ာၤ(၂) ဆရာဆိုသည္မွာ အက္ခရာသချာင်္နှင့် ဂျီသြမေတတြီကို ပေါင်း၍ ဘာသာရပ်တစ်ခုဖွဲ့စည်းထားခြင်းဖြစ်၏။

ဆရာကြီးက လက်သီးဆုတ်၊ လက်ခလယ်ကိုဘုသီးလိုချွန်အောင်ပြုကာခေါင်းကိုခေါက်တက်၏၊လက်ညိုး လက်ခလယ်ညှပ်၍ ဗိုက်ခေါက်လိမ် တက်၏။…. ယခုခေတ်သင်ကြားနည်းစနစ်များအရ ကလေးကိုရိုက်နှက်ခြင်းမပြုရဟူသော မူရှိသောလည်း ကျွန်တော်အဖို့မူကား ဆရာဦးသန်းရွှေ၏ ခေါင်းခေါက် ခြင်းအမှုကြောင့် သချာင်္ဉာဏ်များ ပွင့်သွားသည်ဟုထင်မိသည်။ဆရာဦးသန်းရွှေ မှာလမ်းလျှောက်လျှင်ဘယ်ညာယိမ်း ကာလျှောက်တတ်၏။ ဆရာဦးမြင့်ရွှေ နှင်ဆရာဦးသန်းဆွေမှာ အတွဲဆုံး။

ဆရာဦးမြင့်ရွှေက အသားဖြူအရပ် ခပ်ပြတ်ပြတ်၊ မျက်မှန်ထူထူ အင်္ဂလိပ်စာ(၂) ခေါ် အင်္ဂလိပ်စာ သဒ္ဒါအသင်ကောင်းစကားပြောလျှင်ခပ်အေးအေး၊သို့သော် စာသင်ချိန်တွင်ကျောင်းသားအချင်းချင်းစကားများပါက အလွန်ဒေါသထွက်တတ်သည်။ မှတ်မိသေး၏။တစ်ခါက ဆရာစာသင်နေဆဲ…စကားပြောသံကြားသဖြင့် မျက်နှာ ချက်ခြင်း နီရဲကာ အသံတုန်သည်အထိ ဒေါသထွက်ပြီးဆူပူကြိမ်းမောင်းသည်ကိုကြုံရဖူး၏။ … “မင်းတို့ ဒီလိုစာကိုဂရုမစိုက်ရင် နောင်ဘယ်တော့မှဒီအခန်းထဲမဝင်ဖူး” ဟုဒေါသတကြီးပြောခဲ့သော ဆရာမှာ နောက်တနေ့ စာသင်ချိန်တွင်တော့ ဘာမှမဖြစ်ခဲ့သလိုပင်၊ အားကြိုးမာန်တတ်စာသင်နေပြန်တော့သည်။ ဆရာဦးမြင့်ရွှေမှာ(၁၀)တန်းအောင်စဉ်က အမှတ်မကောင်းသူ။ ထိုစဉ်ကကျောင်းဝင်ခွင့် ကန်သတ်ချက် တချို့ကြောင့် ဆရာဝန်၊အင်ဂျင်နီယာ မဖြစ်ခဲ့ဘဲ ကျောင်းဆရာဖြစ်လာသူ။ သို့သော် တပည့်ပေါင်းများစွာကို အင်္ဂလိပ်စာအခြေခံခိုင်မာအောင်သင်ပေးရာတွင် ထူးချွန်လသောဆရာပေတည်း။

နောက်ထပ်စိတ်ထဲမှာမှတ်မိနေသောဆရာမှာဆရာဦးမောင်သန်းဖြစ်သည်။အရပ်ပုပြက်ပြက်မုတ်ဆိပ်မွေးစိမ်းစိမ်းစကားကိုခပ်အေးအေးပြောတတ်သည်။ စိတ်အလွန်ရှည်၏။သူကသမိုင်းသင်သည်။ဆရာ၏ထူးခြားချက်မှာ စိတ်ရှည်၊ သီးခံလွန်းခြင်းဖြစ်၏။

ကျွန်တော်ဘဝတွင် ဆရာများစွာတွေခဲ့ဖူး၏။ ငယ်စဉ်ကတော့ရိုက်သော ဆရာဆိုလျှင်မကြိုက် ၊သီးခံစိတ်ရှည်သော ဆရာဆိုလျှင်ကြိုက်၏။

သို့သော်ဘဝမှတ်တိုင်များ ရွှေရတုကို လွန်လာပြီးသောအခါမှာ ယခုအချိန်၌ကား ဆရာများအပေါ်၌ကား အမြင်အချို့ ပြောင်းလဲခဲ့ပြီ။ ဆရာသည်လည်း ပုထုစဉ် လူသားမျှသာပင်။လူတစ် ယောက်အနေနှင့် ကောင်းကွက်ကော ဆိုးကွက်ပါရှိနိုင်၏.. လူသဘာဝအတိုင်းပင်။ မှားကွက်လည်းရှိ နိုင်ပါသေးသည်။

သို့သော်လည်းဘဝတစ်ခုလုံးကိုမြှပ်နှံကာတပည့်များအပေါ်ချစ်ခင်လှစွာဖြင့်သူသိရှိထားသောပညာရပ်တို့ကို ဖြန့်ဝေပေးနေခြင်းတစ်ချက်တည်းနှင့် ပင်လေးစားလောက်ပေသည်။

၂၀၀၉ မေလ(၅)ရက်နေ့က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် မိန့်ခွန်းထဲမှ အပိုင်းအဆ အချို့ကိုသတိရမိသေး တော့၏။ “ဘယ်လိုလူမျိုးမှ သူတို့၏ဆရာတွေကို မေ့မှာမဟုတ်ဖူး။ စိတ်တွေကိုပျိုးထောင်ပေးခဲ့…၊စာရိတ္တတွေကိုခိုင်မာလာအောင် မြှင့်တင်ပေးခဲ့၊ဘဝပန်းတိုင် တွေညွှန်ပြခဲ့ ….။ချစ်ခင်နွေးထွေးမှုတွေကမ်းလင့်ခဲ့…စိတ်ချယုံကြည်မှုတွေတည်ဆောက်ခဲ့၊..အတိုချုပ်ပြောရရင်ဘဝကိုပြောင်းလဲပေးခဲ့သူများဖြစ်ပါတယ်။ ဆရာတွေဆောင်ရွတ်ခဲ့သမျှ၊ အောင်မြင်အောင်စွမ်းဆောင်ခဲ့သမျှတွေအတွက်ကျွန်တော်ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။…”

တကယ်တော့ ကျောင်းဆရာအလုပ်ဆိုသည်ကား ထူးဆန်းတို့၏ အသက်မွေးဝမ်းကျောင်းဟု ဆိုရကောင်းမည်လားမသိ။တစ်ဘဝလုံးကိုလွန်စွာနည်းပါး သည်အခွင့်အလမ်းဖြင့်…လဲလှယ်မြှပ်နှံလိုတ်သည်။.. နှစ်ပေါင်းများစွာဖြတ်သန်းသွားပြီးသောအခါ၌ ပို၍ ပို၍ နည်းပါးလှသော လစဉ်ဝင်ငွေတစ်ရပ်ဖြင့် အလုပ်မှ အနားယူလိုတ်သည်။ နှစ်ပေါင်းများစွာ အတွင်းသူတကာတို့ သုံးစွဲနေထိုင်ကြသလို၊ မသုံးစွဲနိုင်၊ မနေထိုင်နိုင် ။ သာမန်ကုန်သည်လေး တစ်ယောက်က တရုတ်ဆိုင်ကယ် ဝယ်စီးဖို့ စဉ်စားချိန်တွင် အထက်တန်းပြ ဆရာတစ်ယောက်အတွက် စက်ဘီးလေးတစ်စီးဝယ် ဖို့ဆိုသည်မှာ မဟာစီမံကိန်းကြီးပင်။

နွေရာသီကျောင်းပိတ်ရက် အများသူငါ မိသားစု ခရီးထွက်ကြချိန်၌ ဆရာ၊ဆရာမများ နွေရာသီ သင်တန်း၊ မြို့နယ်စီမံကိန်းလုပ်ငန်းများ၌ ဝင်ရောက် ကူညီကြရ ။… နွေရာသီဘယ်လိုပြီးဆုံးသွားမှန်းမသိ။ နားချိန်မရ ဒီလိုနှင့် စာသင်နှစ်တစ်နှစ်စရပြန်တော့သည် ။

ဤနေရာတွင် … ဘာကြောင့်များ… ဘဝအခက်အခဲများစွာကို ရင်ဆိုင်ရင်း ဆရာအလုပ်ကို ဤမျှစွဲမြဲစွာ လုပ်ဆောင်ခဲ့ရသနည်း…ဆိုသော မေးခွန်းပေါ်လာသည်။ အကြောင်းများစွာရှိပါလိမ့်မည်။

ထိုအကြောင်းများစွာအနက် အများစုဖြေဆိုမည့် တူညီသောအကြောင်းတစ်ခုမှာ “တပည့်သံယောဇဉ်”ဖြစ်လိမ့်မည်ထင်ပါသည်။ နှင်းမှုန်များ ပါးလျားစွာ သက်ဆင်းလာနေဆဲမှာပင် နွေးသောနေရောင်က ဟိုတစ်စဒီတစ်စ ထွင်းဖောက်ဝင်ပါလာသည်။

ကျောင်းဝင်းကွင်းပြင်တစ်ခုလုံး တပည့်ဟောင်းများ တပည့်သစ်များအပြည့်၊ ဆရာကြီး ဆရာမကြီးများက စင်မြင့်ပေါ်မှာ ၊ ကျောင်းသားဟောင်း ကိုအောင်ကျော်မိုး၏ ကန်တော့ချိုး တိုင်ပေးသံနှင့် အဝေးဆီမှ ဥသြ ငှက်သံချိုချိုတို့မှာ တစ်လှည့်စီ လေးလေးပင်ပင်ထွက်ပေါ်လာနေလျှက်…

အေးသောနှင်း နွေးမြသောနေခြည် ကျက်သရေအပေါင်းနှင့်ပြည့်စုံသောမြင်ကွင်း၊ ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံးကြည်လင်အေးမြသော မေတ္တာဓာတ်များ ဆရာမှတပည့် တပည့်မှဆရာသို့ အပြန်ပြန်အလှန်လှန် ရက်ရှယ်ကူးခတ်နေသော…မေတ္တာတရား၏… မွေးမြလန်းဆန်းသောရနံ့နှင့် လှပသောမြင်ကွင်းပေတကား…။

အာစရိယပူဇော်ပွဲ ငွေရတုအထိမ်းအမှတ်

အ.ထ.က (၁) မော်ကျွန်း၏ စိန်ရတုအထိမ်းအမှတ်၊

ကျွန်တော်သည် လွန်ခဲ့သောနှစ်ဆယ့်ငါးနှစ်က ထိုအစဉ်အလာကို စတင်အုတ်မြစ်ချခဲ့ကြသည့် နောင်တော်ကျောင်းသားဟောင်းကြီးများကို သတိတရလွမ်းမိသော စိတ်နှင့် လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။

ဆရာကန်တော့ပွဲရန်ပုံငွေရအောင် ကျောင်းသားဟောင်း/ကျောင်းသူဟောင်းကြီးများ တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံနေကြပုံကို ပြန်မြင်ယောင်မိ၊ရန်ကုန်မြို့ရောက် ကျောင်းသားဟောင်းကြီးများ၏ လှိုက်လဲသောအားပေးကူညီပံ့ပိုးမှုများ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တိုင်တိုင် မျိုးဆက်သုံးဆက် ကျွန်တော်၏ စိတ်အာရုံတွင် အတွေးများတစ်ဖြတ်ဖြတ်လင်းလက်။ မြင်ကွင်းများစွာဖြတ်သန်းခဲ့လျက်၊ အော်…..ဘဝပန်းစကြာမှန်ပြောင်း ဖြတ်သန်းမှုပေတကား။

ငယ်စဉ်ဘဝ ကျောင်းအဝင်အဝ နံရံတွင် လူရည်ချွန်များ၏ ဓာတ်ပုံကို ချိတ်ဆွဲထားရာအမှတ်ရမိသည်။…အမှန်အတိုင်းဝန်ခံရလျှင် မော်ကျွန်းမြို့မှထွက်ခွာပြီး ကြီးကျယ်ထင်ရှားသွားကြသူများမှာ တစ်ခြားမြို့များထက်စာလျှင် အတော်နည်းပါသည်။ထိုအထဲမှာမှ မြို့ကလေးကို ပြန်ပြီးစာနာထောက်ထားခဲ့သူ မြို့ကလေး၏ အကျိုးကိုပြန်ဆောင်ရွက်ပေးသူမှာ ပို၍နည်းသည်ဟု ကျွန်တော်ထင်မြင်နေပါသည်… ပြန်လည်ထောက်ပံ့ကူညီပေးသူများ မရှိဟု မဆိုလိုပါ။ရှိစုမဲ့စု အောင်မြင်ထင်ရှားသွားကြသူများကိုပင် မြို့ကလေး၏ ကျက်သရေဆောင်များအဖြစ် ဂုဏ်တင်နေကြရရှာသော … ဇာတိမြို့ချစ်သူများ၏ စကားများကိုကြားရသောအခါ ကျွန်တော်စိတ်မကောင်းပါ။ နာဂစ်မုန်တိုင်း အလွန် မြို့ကလေးတစ်ခုလုံးကြေမွသွား ဒဏ်ရာအကြီးအကျယ်ရသွားချိန်တွင်တောင်မှ မြို့ကလေးကို လှည့်မကြည့်ခဲ့သူများကို …ဘာကြောင့်ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမွမ်းချင်ရသလဲ ကျွန်တော်နားမလည်ပါ။

ထိုသူမျိုးထက်စာလျှင်…

ကိုယ်နေသောရပ်ကွက်ထဲက လမ်းတွေကောင်းအောင်ပြုပြင်ပေးနေသူ ၊ကိုယ့်ရပ်ကွက်ထဲက လူတွေရေသန့်ရအောင် အဝီစိတွင်းတူးပြီးရေလှူပေးနေသူ ၊ … ထိုလူမျိုးက မြို့ကလေး၏ကျက်သရေဆောင်မဖြစ်သင့်ဘူးလား။

တစ်ကယ်တော့ … မြို့ကလေးကို ချစ်ခင်လှစွာဖြင့် နှုတ်၏ဆောင်မခြင်း ၊ လက်၏ဆောင်မခြင်း အဆက်မပြတ်စောင့်ရှောက်ပေးနေကြသော ပေါမောက္ခ ကြီးများ၊အရာရှိကြီးများ၊ စာပေပညာရှင်များ…များစွာ ရှိပါသည်။ ထိုပုဂ္ဂိုလ် ကြီးများသာမြို့၏ ကျက်သရေဆောင်ဖြစ်သင့်သည်ဟု ထင်မိ၏။

မော်ကျွန်မြို့သားစစ်စစ်မဟုတ်ပါဘဲလျှက် မြို့ကလေး၏ တိုးတက်ရာတိုးတက်ကြောင်းကို စိတ်အားထက်သန်စွာ လှူဒါန်းကူညီနေသောစီပွားရေးလုပ်ငန်းရှင်မျိုးကိုကော ဂုဏ်ထူးဆောင်မြို့သားအဖြစ် မချီးမြင့်နိုင်ဘူးလား။

ပိုက်ဆံမှလွဲ၍ဘာမှမရှိသောသူမျိုးကို မြို့ကျက်သရေဆောင်အဖြစ်အမွှန်းတင်တာမျိုးကျတော့… တော်တော်ကြီးကိုလွဲလွန်းသည်ဟုထင်မိ၏။

“သူကတော့မြို့ကလေးရဲ့ … အ.ထ.က (၁) အငြိမ်းစားဆရာ ဆရာမကြီးများ ကန်တော့ပွဲဖြစ်မြောက်အောင်နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်လောက် ဘဝကိုမြုပ်နှံဆောင်ရွက်ခဲ့သူပါ”… မြို့ကလေးရဲ့ကျက်သရေ …။

“သူကတော့ထေရဝါရသာသနာနဲ့ ပတ်သတ်တဲ့စာအုပ်တွေနဲ့ မြန်မာပြည့်အနှံ့အပြား ထင်ရှားတဲ့စာရေးဆရာပါ။” မြို့ကလေးရဲ့ကျက်သရေ..။

“သူကတော့ မြို့ကလေးဇာတိဖွားမဟုတ်ပေမဲ့… မြို့ကလေးရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီးကူညီလှူဒါန်းခဲ့သူပါ။”… မြို့ကလေးရဲ့ဂုဏ်ထူးဆောင်မြို့သား၊… မြို့ကလေးရဲ့ကျက်သရေ…။

“သူကတော့ မြို့ကလေးက … လူငယ်တွေအတွက် ပုဂ္ဂလိကစာကြည့်တိုက်ကြီးတည်ထောင်ပြီး သုတဘဏ်တိုက်တစ်ခုဖွင့်ပေးဖို့ အိမ်မက်ကြီးကြီးနဲ့အသက်ရှင်သန်နေသူပါ။” မြို့ကလေးရဲ့ကျက်သရေ…။

“သူကတော့ မြို့ကလေးက ပညာထူးချွန်ပြီး ငွေကြေးချို့ တဲ့ရှာကြတဲ့ ကလေးတွေရဲ့ ပညာရေးကိုထောက်ပံ့ဖို့ သူ့သူငယ်ချင်းတွေနဲ့စုပေါင်းပြီးကူညီပေးနေသူပါ။” … မြို့ကလေးရဲ့ကျက်သရေ…။

သည်လိုနှင့် “မြို့ကလေးရဲ့ ကျက်သရေ”ကပိုလိုတိုးသည်ထက်တိုးလာပေတော့မည်။

သည်မြို့ကျက်သရေဆောင်တွေထဲမှာ ဘီယာဆိုင် ၊ အရက်ဆိုင်တွေအများကြီးဖွင့်ထားနိုင်သော ဂုဏ်သရေရှိသူဠေးမင်းများ ပါသင့်မပါသင့်၊ ခဏတစ်ဖြုတ် အခွင့်အလမ်းသာယုံမျှဖြင့် မြို့ကလေးရဲ့ မြို့သူမြို့သားတွေကို ပြန်ပြီးအနိုင်ကျင့်ချင်သူများ ပါသင့်မပါသင့်၊ စီးပွားရေးလုပ်ကွက်အသစ်တွေဟု ကြွေးကြော်ပြီး အနှိပ်ခန်းဖွင့်ရန် ကြိုးစားကြရှာသော စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းရှင်များပါသင့်မပါ သင့်ကတော့ စာဖတ်သူ၏ အလိုအတိုင်းရှိပါစေတော့…။

သည်လိုနှင့် …

နှင်းများ၊ နေခြည်နုနု၊ အပြုံးများစွာ၊ မေတ္တာလှိုင်း၊ ဆရာ၊ တပည့်၊ ချစ်ခြင်းမေတ္တာ၏ အေးမြသောမွှေးရနံ့များ…

သည်လိုနှင့်…

နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တိုင်တိုင် အခက်အခဲများစွာကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ပြီး အာစရိယပူဇော်ပွဲ နှစ်စဉ်မပြတ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသော နောင်တော်၊ အမတော် ၊ ကျောင်းသား/ကျောင်းသူဟောင်းကြီးများ ….

သည်လိုနှင့် ….

ဖွင့်ပွဲအခမ်းအနားတွင် ပျော်လွန်း၍မျက်ရည်ကျရသော အကိုစံသိန်း ၏ ရုပ်ပုံလွှာ၊ … ဂျာနယ်ဆရာ ဆရာမလေးများကို ဆရာကန်တော့ပွဲအကြောင်း၊ ဆရာကြီးဦးဘဖေအထိမ်းအမှတ်ရန်ပုံငွေမှ ဆရာဆရာမကြီးများ၏ ကျန်းမာရေးထောက်ပံ့မှု ပေးအပ်သည့်အကြောင်းများကို စိတ်အားထက်သန်စွာ ရှင်းလင်းပြောပြနေသော ဦးစိုးမြင့် ၏ ရုပ်ပုံလွှာ၊

မဂ္ဂဇင်းအတွက် ဓာတ်ပုံဆရာဘဝပြောင်းသွားရရှာသော … ဆရာဦးလှသန်း… ညစာစားပွဲတွင် အငြိမ့်ဖြင့်ပရိတ်သတ်ကို တစ်အုံးအုံး ပွဲကျစေသော ကိုလှဝင်းမော်တို့အငြိမ့်အဖွဲ့၊

အငြိမ့်စင်ဘေးနားမှာ ပျှော်ရွှင်စွာ ကခုန်ခဲ့ကြသော ကျောင်းသားဟောင်းကြီးများ၏ ပျော်ပွဲ….

သည်လိုနှင့်…

ကျွန်တော်သည် စိန်ရတုအာစရိယပူဇော်ပွဲ၏… မြင်ကွင်းများကို စိတ်အာရုံပိတ်ကားပြင်တွင် ရုပ်ရှင်အနှေးပြကွက်များပြသလိုမြင်ယောင်လာနေရင်းက .. “အာစရိယပူဇော်ပွဲ စိန်ရတုကာလကို လွန်သောအခါ”…ဟူသောအတွေးဖြတ်ခနဲဝင်လာ၏။…

ကျွန်တော့်ရင်မှာ ဒိတ်ကနဲ့ ခုန်သွားလေသည်။

Written on March 3, 2014